တရားတော်များ

တရားတော်များ

ဆရာတော် ဒေါက်တာ အရှင်ဇနိတ ဟောကြားတော်မူသော ဗုဒ္ဓညွန်ပြ သမထ ဝိပဿနာကျင့်စဉ်တရားတော်များ၊ သုတ္တံတရားတော်များ နှင့် မဟာသမယသုတ်တော် သင်ကြားပို့ချခြင်းများကို နာယူမှတ်သားကုသိုလ်ပွားများနိုင်ပါသည်။ မဟာသမယသုတ်တော် ပို့ချချက် ဉာဏ်စဉ်တရားတော်များ ပို့ချချက်စာအုပ်များ လေ့လာမှတ်သားဖွယ်ရာစာအုပ်များ ဒေါင်းလုပ် လုပ်ရန်

ဓမ္မစကူးလ် (ယဉ်ကျေးလိမ္မာ)

ဓမ္မစကူးလ် (ယဉ်ကျေးလိမ္မာ)

  သားငယ်၊ သမီးငယ်များအတွက်ရည်ရွယ်၍  ဆရာတော် ဒေါက်တာ အရှင်ဇနိတမှ ဓမ္မစကူးလ် Online Teaching Program တွင်သင်ယူနေကြသောကလေးများအား ဗုဒ္ဓဖြစ်စဉ် ပုံပြင်များနှင့်တကွ ဗုဒ္ဓအဆုံးမများသင်ကြားပေးခြင်း၊ အခြေခံ တရားအားထုတ်ခြင်းနှင့်တကွ အလှည့်ကြ ပုံပြင်ပြောစေခြင်း၊ အမေးအဖြေများပြုလုပ်ခြင်း စသည်တို့ဖြင့် အပတ်စဉ် သင်ကြားပေးလျှက်ရှိပါသည်။ ယဉ်ကျေးလိမ္မာ စာအုပ်များ ယဉ်ကျေးလိမ္မာ ဓမ္မသုတအဖြာဖြာစာအုပ်များ Videos

တရားပွဲအချိန်များ

တရားပွဲအချိန်များ

ဆရာတော် ဒေါက်တာအရှင်ဇနိတ၏ အပတ်စဉ်  ဝိပဿနာအလုပ်ပေးတရားတော်များနှင့် ပဋ္ဌာန်းဒေသနာတော် သင်ကြားပို့ချပေးခြင်း၊ ကလေးများအတွက် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ဘ၀တစ်သက်တာ အောက်မေ့အမှတ်ရဖွယ် ဓမ္မပုံပြင်အသွယ်သွယ်တို့ကို ဟောဖော်ညွန်ပြဆုံးမသင်ကြားပေးလျှက်ရှိပါသည်။ တရားတော်များကို နှစ်သက်မြတ်နိုး တန်ဖိုးထားကြကုန်သော ဓမ္မမိတ်ဆွေများသည် အောက်ပါ Zoom Meeting ကိုအသုံးပြု၍ နာယူမှတ်သား ကုသိုလ်ပွားများနိုင်ပါသည်။ အပတ်စဉ် အစီအစဉ်များ

ဆရာတော် ဒေါက်တာအရှင်ဇနိတ ၏အမှာစကား

ဒကာ၊ ဒကာမအပေါင်းတို့………… သံသရာကြီးကို လှမ်းကြည့်လိုက်ရင် တစ်ဘ၀ တစ်ဘ၀ ရနေကြရတဲ့ ဒုက္ခတွေဟာ များပြားလှပါတယ်။ ဒီဒုက္ခတွေနဲ့ ပက်သတ်ပြီး မြတ်စွာဘုရား သတ္တိသတသုတ်မှာ ဟောထားတာ ရှိပါတယ်။ မနက်ခင်းကို လှံအချက်တရာ နေ့ခင်း လှံအချက်တစ်ရာ ညနေခင်း လှံအချက်တစ်ရာ လှံအချက်သုံးရာအထိုးခံပြီးတော့ သောတာပန်ဖြစ်မယ်ဆိုရင် ချစ်သားတို့ သောတာပန်ဖြစ်အောင်သာ ယူလိုက်စမ်းပါတဲ့။တစ်နေ့ လှံအချက်သုံးရာ နှစ်ပေါင်းတစ်ရာ အထိုးခံရမှာနော်။ တစ်နေ့လှံအချက်သုံးရာ နှစ်ပေါင်းလှံအချက်သုံးရာ အထိုးခံရလို့ သောတာပန်တည်မယ်ဆိုရင် မင်းတို့လဲယူလိုက်ပါတဲ့ မြတ်စွာဘုရားက။  ဘာကြောင့်လဲဆိုတော့ ချစ်သားတို့တဲ့ ဒီသံသရာကြီးထဲမှာ နောက်ထပ်နိဗ္ဗာန်မရမချင်း အိုရမယ့်ဘဝ၊ နာရမည့်ဘဝ၊ သေရမည့်ဘဝ၊ လည်အလှီးခံရမယ့်ဘဝတွေ ဓားနဲ့ခုတ်သက်ခံရမယ့်ဘဝတွေ လက်ဖျက်၊ ခြေဖျက်၊မျက်လုံးအဖျက်ခံရမယ့် ဘဝတွေ၊ သံသရာ ဝဋ်ဆင်းရဲတွေဟာ အဲဒီလှံအချက်သုံးရာနဲ့ယှဉ်ရင် နည်းပါသေးတယ်တဲ့။  အဲဒိဆင်းရဲတဲ့ သံသရာကြီးကို ဦးဇင်းတို့တတွေ ဘဝပေါင်း မရေမတွက်နိူင်အောင်လည်း ကျင်လည်ခဲ့ရပါပြိ။ ပြေးလွှားခဲ့ရပါပြိ။  ငါတို့ဟာ သမထအလုပ် ဝိပဿနာ အလုပ်ဆိုတဲ့ ဒီတရားအလုပ်တွေနဲ့ သံသရာ ၀ဋ္ဋ်ဒုက္ခကဆုံးအောင်တော့ငါတို့ကြိုးစားမှပဲဆိုတဲ့ အသိစိတ်ဓာတ် အသိတရားတွေကို လက်ကိုင်ထားကြပါ။ နေ့စဉ်နေ့တိုင်းမှာလည်း မိမိတို့ရဲ့ အိုခြင်းဒုက္ခတွေ၊ နာခြင်းဒုက္ခတွေ၊ သေခြင်းဒုက္ခတွေ၊ စိုးရိမ်ခြင်း၊ပူဆွေးခြင်း၊ ငိုကြွေးခြင်းဆိုတဲ့ ဒုက္ခတွေနဲ့ တွေ့တိုင်းတွေ့တိုင်းမှာလည်း ခံနိူင်ရည်ရှိအောင် ကြိုးစားကြပါ။ နောက်ဆုံး ဘဝတစ်ခု နိဂုံးချုပ်ပြီး သေရတော့မယ်ဆိုတဲ့ အချိန်မှာလည်းပဲ ဘယ်လိုလောကဓံတွေလာလာ ဘယ်လိုစိုးရိိမ်ပူဆွေးမှုကိုမှ ကိုယ့်စိတ်မှာ အကပ်ငြိမခံပဲနဲ့ ငြိမ်းအေးတဲ့ ဘဝပိုင်ရှင်အဖြစ်နဲ့ အနေလည်းတတ်အသေလည်းတတ်အောင် ယနေ့မှစ၍ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်နိူင်ကြပါစေကုန်သတည်း။ 

Read more